ဒီတစ်ခါတော့ မိမိတို့သုံးနေတဲ့ computer
ကို Shutdown လွယ်လွယ်ကူကူနဲ့ပိတ်စေမယ့် နည်းလမ်းလေး
တစ်ခုကိုပြောပြချင်ပါတယ်။ ဘာ software မှမလိုပါဘူး။ ကဲ..စလိုက်ကြရအောင်။
Desktop
ပေါ်က လွတ်နေတဲ့နေရာမှာ right click နှိပ်၊ ပြီးတော့
နည်းနည်းအောက်နားကိုသွားပြီး New.. နောက်တစ်ဆင့် Shortcut ကိုရွေးပါ။
နည်းလမ်းတွေကို ပုံလေးတွေထဲမှာရေးပြထားပြီးသားမို့လို့ လိုအပ်တော့မှ
ရေးပြပါ့မယ်။ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းသာ သွားပါ။
Finish နှိပ်ပြီးတဲ့အခါ desktop ပေါ်မှာ ခုလိုဆက်ပြီး မြင်ရပါမယ်
ဒီ icon လေးပေါ်မှာ right click ဆက်နှိပ်ပြီး Properties ကိုရွေးပါ။ အောက်မှာပြထားတဲ့အတိုင်းပါပဲ။
အောက်မှာပြထားသလိုပေါ်လာရင် ok သာပေးလိုက်ပါ။
အောက်မှာပြထားသလိုမျိုး သင့်လျော်မယ့် icon တစ်ခုခုကိုရွေးပေးလိုက်ပါ။ ပြီးတော့ OK
ကဲ....အားလုံးပြီးသွားပါပြီ။ Desktop
မှာပေါ်နေတဲ့ပုံကို mouse နဲ့ဖိဆွဲပြီး taskbar မှာတင်ပေးလိုက်ပါ။ taskbar
ပေါ်ကိုရောက်သွားရင် ခုနက မူရင်း desktop ပေါ်ကပုံကို ပြန်ဖျက်လို့ရပါပြီ။
ကဲ..ကိုယ်ဖွင့်ထားတဲ့ Program တွေကိုပိတ်ပါ။ ပြီးတော့ ကိုယ်ဖန်တီးထားတဲ့
shortdown icon လေးကို တစ်ချက်နှိပ်ပြီး Shutdown ပိတ်ကြည့်လိုက်ပါ။
အဲဒီလိုပဲ..restart အတွက် Shortcut လုပ်ချင်တယ်ဆိုရင် ပထမပုံမှာတုန်းကပြခဲ့တဲ့နေရာက shutdown-s-t 0 နေရာမှာ shutdown-r-t 0 လို့ s နေရာမှာ r လို့ရိုက်ပေးပါ။
အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျွန်တော်ရှင်းပြနေတာက ကလေးတစ်ယောက်ကို ရှင်းပြသ လိုဖြစ်နေပါတယ်။
ဘာလို့လည်းဆိုတော့ သေသေချာချာ နားလည်စေချင်တဲ့ စေတနာကြောင့်ပါခင်ဗျား။
ref: http://http://mgthuya.blogspot.com
No comments:
Post a Comment