ဒီတခါ ကျွန်တော်ပြောပြချင်တာက gtalk
မှာ မိမိကိုဘလော့တဲ့ သူကိုရှာတဲ့နည်းလေးဖြစ်ပါတယ်။ အစ်မတစ်
ယောက်မေးလာလို့ပါ။ အရင်ကဆိုရင် voice call လေးနဲ့ စမ်းသပ်လို့ရပါတယ်။
အခုတော့ မရတော့ဘူး ။ အဲဒါကြောင့် မသိသေးသောသူများအတွက်
ရှာဖွေတင်ပြလိုက်ပါတယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးကို
ဒေါင်းလိုက်ပါ။ အဲဒီကောင်လေးဒေါင်းပြီးရင် Add account မှာ
လိုအပ်တာလေးတွေ ဖြည့်ပေးရပ့ါမယ်။ Basic ကိုသွားပါ ။ အဲဒီအောက်မှာ Protocol
ဆိုတာကိုတွေ့ပါလိမ့်မယ်။ ဘေးနားက အစက်လေးကို ကလစ်ပေးပါ။ ပြီးရင် Google
Talk ဆိုတာလေးကိုရွေး ပါ။ Username မှာ မိမိရဲ့ gtalk နာမည်ဖြည့်ပါ။
Resource ဆိုတဲ့နေရာမှာ ဘာမှဖြည့်စရာမလိုပါဘူး။ ပတ်စ်ဝက် ဖြည့်ပါ။ local
ailias မှာ ကြိုက်တာတစ်ခုခုထည့်ပါ။ ပြီးရင် add ကိုနှိပ်ပါ။
အားလုံးဖြည့်ပြီးရင် နာမည် list တွေပေါ်လာပါလိမ့်မယ်။ မိမိ
သိချင်တဲ့သူရဲ့အကောင့်ကို right click ထောက်ပါ။ ပြီးရင် Get info
ကိုသွားလိုက်ပါ။ မိမိကိုဘလော့ထားသူဆိုရင် ဘာမှမပေါ်ပါဘူး။
ဘလော့မထားတဲ့သူဆိုရင်တော့ သူတင်ထားတဲ့ပုံလေးရယ် Full Name ဆိုတဲ့
နာမည်လေးပေါ်နေပါ့မယ်။ အောက်မှာ ပုံလေးနဲ့နမူနာပြထားပါတယ်။
အဆင့်(၁)
အဆင့်(၂)
အဆင့်(၃)
အဆင့်(၄)
အဆင့်(၅) မိမိအားဘလော့ထားသည့်ပုံ
အဆင့်(၆) မိမိအား မ ဘလော့ထားသည့်ပုံ
ကဲဆော့ဝဲလေးကတော့ ဒီမှာ ဒေါင်းလိုက်ဗျာ။
အားလုံးကိုလေးစားလျက်....
No comments:
Post a Comment