Tuesday, 24 December 2013

Jailbreak လုပ်ထားသော iOS7 နှင့်ကိုက်ညီသည့် Appsync for iOS 7+ ထွက်ရှိ



Jailbreak လုပ်ထားသော iPhone/Pad/Pod touch အားလုံးနဲ့ကိုက်ညီသော Appsync for iOS 7+ ထွက်ရှိလာပြီဖြစ်ကြောင်းသိရသည်။ ယခင်က Appsync for iOS 7+ များထွက်ရှိသည်ဟု သတင်းများထွက်သော်လည်းအမှန်တကယ် ရယူစမ်းသပ်သောအခါ ဖုန်းနှင့်ကိုက်ညီခြင်းမရှိ၍ firmware ကျသွားသော error များဖြစ်ကုန်ကြပါသည်။ ယခုထွက်ရှိလာသော Appsync for iOS 7+ ကတော့ iPhone 5S , iPad mini 2 တို့ဖြင့်စမ်းသပ်ပြီး အောင်မြင်ပြီးဖြစ်၍ iDevices အားလုံးတွင်အသုံးပြုနိုင်မည့် Appsync for iOS 7+ အမှန်တကယ်ဖြစ်ပါသည်။ Appsync သည် iDevices များတွင် Cracked app များထည့်သွင်းအသုံးပြုရန် ၄င်းကိုအရင်သွင်းထားရသော application တစ်ခုဖြစ်သည်။ Appsync for iOS 7+ ကို Cydia မှတစ်ဆင့်ရယူနိုင်ပြီး Cydia Source “http://thethmuswe.myrepospace.com” တွင် add ၍ install လုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။

credit-http://www.myanmarmobileapp.com/?p=44710

No comments: